Version
Download 5
Total Views 9
Stock
File Size 488 KB
File Type pdf
Create Date October 22, 2019
Last Updated October 25, 2019
Download
  • Title: စိုက်ပျိုးရေးသိပ္ပံများရှိ စိုက်ပျိုးရေးဒီပလိုမာသင်တန်းများတွင် ထည့်သွင်းသင်ကြားမည့် ရာသီဥတုနှင့်လိုက်လျောညီထွေသောစိုက်ပျိုးရေး သင်ရိုးညွှန်းတမ်း
  • FAOPublisher:
  • 2019Year of publication:
  • AVSI FoundationOther Entities Involved:
  • #58Pages:
  • FAO Myanmar and AVSI FoundationAuthor:
  • Abstract:ကုလသမဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့သည် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့နှင့် ပူးပေါင်းကာ “မြန်မာနိုင်ငံ၏ မတူကွဲပြားသည့်စိုက်ပျိုးရေးဂေဟစနစ်များရှိဦးစားပေးဒေသများတွင်ရေရှည်တည်တံ့သော စိုက်ပျိုးမြေနှင့် သစ်တောများစီမံခန့်ခွဲမှု” (“Sustainable Cropland and Forest Management in Priority Agro-ecosystems of Myanmar (SLM-GEF)” စီမံကိန်းကို (Global Environmental Facility) ရန်ပုံငွေ အထောက်အပံ့ဖြင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ရာသီဥတုနှင့်လိုက်လျောညီထွေသော စိုက်ပျိုးရေး (CSA)သည် စီမံကိန်း၏အဓိကဆောင်ရွက်မည့်အပိုင်းတစ်ခုဖြစ်ပြီး CSA ပတ်သက်၍မူဝါဒ များချမှတ်၍ အဆင့်/အလွှာ အသီးသီးတွင်ဆောင်ရွက်မည်ဖြစ်ပါသည်။

    စီမံကိန်းသည်စိုက်ပျိုးရေးဦးစီးဌာန၊စိုက်ပျိုးရေးသိပ္ပံများ၊စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တို့တွင်သင်ကြားပို့ချလျှက်ရှိသောသင်တန်းများတွင်CSA/SLMကို ထည့်သွင်း၍ ပို့ချနိုင်ရန်အတွက် CSA/SLM သင်တန်းအစီအစဉ်တစ်ခုရေးဆွဲရန်ရည်ရွယ်ပါသည်။ စီမံကိန်းသည် DoA၊ DAR၊ SAI၊ YAU တို့နှင့်ပူးပေါင်းဆောင်ရွက်ကာ ၎င်းတို့ဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ၊သင်တန်းနှင့်ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များတွင် CSA ကို ပေါင်းစပ်ထည့် သွင်းသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိစိုက်ပျိုးရေးသိပ္ပံများ တွင် ဒီပလိုမာကျောင်းသားများအား ပို့ချ လျက်ရှိသော သင်ရိုးညွန်းတမ်းများအား ပြန်လည်သုံးသပ်၍CSA အစိတ်အပိုင်းကို ထည့်သွင်းသင် ကြားနိုင်စေရေးအတွက် CSA သင်ရိုးညွှန်းတမ်းနှင့်လက်စွဲစာအုပ်ပြုစုရေးဆွဲရန် ရည်ရွယ်ပါသည်။ ဤသင်ရိုးညွှန်းတမ်းနှင့်လက်စွဲစာအုပ်သည်မြန်မာနိုင်ငံဒေသအသီးသီးမှစိုက်ပျိုးရေးသိပ္ပံများရှိ ဆရာ/ဆရာမများအတွက် ကျမ်းကိုးအဖြစ်အသုံးပြုနိုင်မည်ဖြစ်ပါသည်။