Introduction about how to use Dialog section

စိုက်ပျိုးရေး သစ်တောနှင့်ဆိုင်သော မေးခွန်းများကို မေးမြန်နိုင်မှာဖြစ်ပြီး မိမိ၏အတွေ့အကြုံများကိုလည်း မျှဝေကာ ပြန်လည်ဖြေကြားပေးနိုင်မည့် စာမျက်နှာဖြစ်သည်။ လက်ရှိတွင် ခေါင်းစဉ် အားဖြင့် Climate Smart Agriculture နှင့် Sustainable Forest Management ဟူ၍ ၂မျိုးရှိပါမည်။ မိမိစိတ်ဝင်စားသော ခေါင်းစဉ်ကို နှိပ်၍ မေးမြန်းခြင်း ဖြေကြားခြင်းများကို လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ ထိုသို့ မေးမြန်းဖြေကြားခြင်းဖြင့် ဗဟုသုတ အသစ်များတိုးပွားစေရန် ရည်ရွယ်ထားခြင်းဖြစ်ပါသည်။

1. Dialog Section တည်နေရာ

Dialogs စာမျက်နှာကို သွားလိုပါက Menu မှ Social platform အောက်တွင် Dialogs (Q&A) ဟူ၍ ရှိမည်ဖြစ်ပါသည်။

2. အဓိကခေါင်းစဉ်များ (Main Topic)

မိမိနှစ်သက်ရာ ခေါင်းစဉ်အောက်သို့ဝင်၍ မေးမြန်း ဆွေးနွေးနိုင်ကြပါမည်။

3. ဖြေကြားခြင်း (Answering)

မိမိဖြေလိုသော မေးခွန်း (သို့) မိမိစိတ်ဝင်စားသော ဆွေးနွေးချက်ခေါင်းစဉ်ကို သွား၍ ဖြေကြားခြင်း လေ့လာခြင်းများလုပ်ဆောင်နိုင်ပါသည်။

4. မကြာသေးခင်က ဆွေးနွေးချက်များ (Recent Replies)

မကြာသေးမှီက ဆွေးနွေးထားသည့် ခေါင်းစဉ်များကို ဖော်ပြပေးထားသော နေရာဖြစ်ပါသည်။ ထိုမှတစ်ဆင့်လည်း ဆွေးနွေးချက်များကို ဝင်ရောက် လေ့လာနိုင်ပါသည်။

မေးခွန်းအသစ်တစ်ခုမေးမြန်းခြင်း (How to add a new Question?)

မေးခွန်းအသစ်တစ်ခုမေးမြန်းရန်အတွက် မေးခွန်းခေါင်းစဉ်နှင့် မေးခွန်းအပြည့်အစုံတို့ကို ရေးသားရန်လိုအပ်ပါမည်။

5. မေးခွန်းခေါင်းစဉ်ကို ရေးသားရမည့် နေရာဖြစ်သည်။ မေးခွန်းခေါင်းစဉ်သည် အထူးအရေးကြီးပြီး dialog စာမျက်နှာစာဖွင့်သည်နှင့် မြင်ရသော မေးခွန်းများသည် မေးခွန်းခေါင်းစဉ်များပင်ဖြစ်သည်။

6. မေးခွန်း အပြည့်အစုံကို ရေးသားရပါမည်။ သို့မှသာ တိကျသေချာသော အဖြေကို ရရှိနိုင်မည်ဖြစ်သည်။

7. Topic tags ဟူသည် အဓိကအားဖြင့် ရေးသားချက်များကို ပြန်လည်ရှာဖွေရာတွင် အလွယ်တကူ ရှာဖွေနိုင်ရန် ခေါင်းစဉ်တက်ခြင်းဖြစ်သည်။ မေးခွန်းနှင့် သက်ဆိုင်သည့် ခေါင်းစဉ်ကို ကော်မာခန့်၍ ရေးသားခြင်းဖြင့် အခြားအသုံးပြုသူများရှာဖွေရာတွင် လွယ်ကူစွာတွေ့မြင်နိုင်ပါသည်။

8. မေးမြန်းထားသော မေးခွန်းကို တစ်စုံတစ်ယောက်မှ ဖြေကြားပါက ချက်ခြင်းအကြောင်းကြားပေးလိုလျင် ထိုနေရာတွင် အမှန်လေး ခြစ်ပေးရန်လိုအပ်ပါသည်။

9. အထက်တွင်ဖော်ပြထားသော အကြောင်းအရာများပြည့်စုံပြီဆိုပါက Submit ခလုပ်ကိုနှိပ်၍ မေးမြန်းခြင်းကို စတင်နိုင်ပြီဖြစ်သည်။